PSM(News) မေ ၁၄၊ ၂၀၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ ရမည်းသင်းဘက်သို့ ပြန်လည်ထွက်ခွာလာသည့်အာဏာလုစစ်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်) က ယနေ့ မေ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင်း ငါးလုံးဖြင့် အချိန်ကိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ မေ ၁၄ ရက် နံနက် ၉ နာရီ ၄၂ မိနစ်ခန့်က နတ်မောက်နှင့် ရမည်းသင်း နယ်ခြားမှတ်တိုင်အနီး မိုင်းကွင်းအတွင်းသို့ ရောက်ရှိချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဘက်မှ အထိနာကာ စစ်ကြောင်းရပ်တန့်သွားကာ သေဆုံးမှု စာရင်း ကို ဆက်လက်အတည်ပြုလျက်ရှိကြောင်း ဗိဿနိုး PDF က ထုတ်ပြန်ထားသည်။ အာဏာလု စစ်တပ်သည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကတည်းက နတ်မောက်နယ်အတွင်း နေရာ အနှံ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာထားခြင်းဖြစ်သည်။ ကန်သာကျေးရွာတွင် ရက်အတော် ကြာ တပ်စွဲနားနေပြီးနောက် ဖတ်တောရေရွာမှတစ်ဆင့် ရမည်းသင်းဘက်သို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။ “ရန်သူ(စစ်တပ်)က ကား လေး စီး၊ ထွန်စက် တစ် စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ ခြေလျင်အင်အား အလုံးအရင်းနဲ့ လာတာပါ။ မိုင်းဆွဲမခံရခင်ကတည်းက ဒရုန်းတွေနဲ့ ဗုံးသီးတွေ ကြိုတင်ကျဲချပြီး လမ်းကြောင်းရှင်းတာတွေ လုပ်နေတဲ့ကြားကပဲ ကျွန်ုပ်တို့ရဲဘော်တွေက စိတ်ရှည်စွာစောင့်ပြီး အချိန် ကိုက် တိုက်ခိုက်ခဲ့တာပါ” ဟု ဗိဿနိုး PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဘက်မှ ဒရုန်းများပင် ထပ်မံလွှတ်တင်နိုင်ခြင်း မရှိတော့ဘဲ အခြေအနေ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်အုပ်စုက မိုင်းမဆွဲမီ ကြိုတင်ကျဲချခဲ့သော ဒရုန်းဗုံးသီးအချို့ကိုလည်း တော်လှန်ရေးရဲဘော်များက အထောက်အထားအဖြစ် သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-ဗိဿနိုးPDF Post navigation မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ထိရောက်စွာ ကူညီရန် သံအမတ်ကြီး ဦးကျော်မိုး ထွန်း ကုလသမဂ္ဂတွင် တောင်းဆို အာဏာလု စစ်အုပ်စုက ၁ နှစ်အတွင်း ကျူးလွန်မှုဖြစ်စဉ် ၁,၁၀၀ ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားဟု PMCSG ထုတ်ပြန်