PSM (News)

စက်တင်ဘာ ၁၀၊ ၂၀၂၆

အမှတ် (၉၉၂၅) Rangoon Warriors PDF တပ်ရင်းမှ တိုင်းပြည်နှင့် ပြည်သူအတွက် အသက် ပေးဆပ်ခဲ့ကြသည့် ကျဆုံးရဲဘော် သုံး ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ထုတ်ပြန်ရာတွင် “ပြည်သူ့ဇာနည်ဆု” ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် လူဦးရေ ၃၀၀ ထပ်မံထုတ်ပြန်သည့် စာရင်းတွင် ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်က ပြုလုပ်ခဲ့သည့် အာဏာလု စစ်တပ်၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲ၌ ကျဆုံးခဲ့သူ ရဲဘော် ရန်ကြီး၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ငရုတ်သီးမှုန့်တံတား တိုက်ပွဲ၌ ကျဆုံးခဲ့သူ ရဲဘော် အောင်ပု နှင့် ရဲဘော် တက်တူး (ခ) Best Man တို့အား ပြည်သူ့ဇာနည်ဆု ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

Rangoon Warriors PDF တပ်ဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော် ၁၃ ဦး၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း စွန့်လွှတ်ခဲ့ရသည့် ရဲဘော် တစ် ဦးနှင့် ဖမ်းဆီးခံရဲဘော်များ အားလုံးကို တူညီစွာ လေးစားအသိအမှတ်ပြုကြောင်းနှင့် ယခုလို ပြည်သူ့ဇာနည်ဆု ချီးမြှင့်ခံရသည့် ရဲဘော် သုံး ဦးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဆိုပါ တပ်ရင်းမှ ထုတ်ပြန်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed