PSM(NEWS)

ဧပြီ ၂၄ ၊၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဟော်မုဇ် ရေလက်ကြားအတွင်း ရေမိုင်းများ လိုက်လံထောင်နေသည့် အီရန်လှေငယ်များကို တွေ့ရှိပါက အသေအပျောက်ရှိသည်အထိ ပစ်ခတ်နှိမ်နင်းရန် အမေရိကန်ရေတပ်ကို ဧပြီလ ၂၃ ရက်နေ့နံနက်တွင်အမိန့်ပေးလိုက်သည်။ ၎င်းနှင့်အတူ အဆိုပါရေလက်ကြားရှိ အမေရိကန်၏ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကိုလည်း ယခင်ကထက် သုံးဆအထိ တိုးမြှင့်ဆောင်ရွက်ရန် ထပ်မံညွှန်ကြားခဲ့သည်။

သမ္မတ က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ဟော်မုဇ်ရေလက်ကြား ရေပြင်မှာ မိုင်းထောင်နေတဲ့ ဘယ်လိုလှေငယ်မျိုးကိုမဆို ပစ်သတ်ဖို့ အမေရိကန်ရေတပ်ကို ကျွန်တော် အမိန့်ပေးထားပြီးပြီ။ တုံ့ဆိုင်းနေစရာ မလိုဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် အီရန်၏ စစ်သင်္ဘော ၁၅၉ စင်းလုံးမှာလည်း ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

လက်ရှိတွင် အမေရိကန် မိုင်းရှင်းလင်းရေး သင်္ဘောများသည် ရေလက်ကြားအတွင်း လမ်းကြောင်းများ ရှင်းလင်းနေပြီး၊ အဆိုပါ လုပ်ဆောင်ချက်ကို သုံးဆတိုးမြှင့်ရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကိုးကား- Fox News

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed