PSM(News) ဇွန် ၁၁၊ ၂၀၂၆ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပိုမိုပီပြင်လာစေရန်နှင့် ပြည်ထောင်စုအဆင့်နှင့် ဖက်ဒရယ်ယူနစ် (ဒေသန္တရ) အဆင့် အစိုးရအဖွဲ့များအကြား လုပ်ပိုင်ခွင့်နှင့် တာဝန်ယူမှုများကို စနစ်တကျ ခွဲဝေအပ်နှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းခြင်းကို ယမန်နေ့ ဇွန် ၁၀ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် အဆိုပါ လုပ်ငန်းလွှဲပြောင်းမှုတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တွဲဖက်အတွင်းဝန်များက နှစ်ဖက်သဘောတူညီချက် ရရှိထားသော လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အတည်ပြုကာ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦးက အတည်ပြုလက်ခံခဲ့သည်။ ယခု လုပ်ငန်းလွှဲပြောင်းခြင်းသည် ပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်၏ အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားသို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ် ဒေါက်တာ အောင်နေဝင်းတို့ အပါအဝင် ကြားကာလစိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနကြီး (IDAL)၊ သတင်း အချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာဌာနကြီး (ICT) တို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် အသီးသီးမှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ Post navigation MDY PDF မှ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များအား ဂုဏ်ပြုပွဲကျင်းပ