PSM (News) စက်တင်ဘာ ၇ ၊ ၂၀၂၆ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးကာ အခြားသူများလည်း အပျက်အစီးများကြားတွင် ပိတ်မိနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဒေလီတက္ကသိုလ် နီးတစ်ဝိုက်ရှိ ကျောင်းသားများ ငှားရမ်းနေထိုင်ရာ လူစည်ကားသည့် ရပ်ကွက်တစ်ခုဖြစ်သော စတီးယား နီကီတန် (Satya Niketan) တွင် ကျောင်းသားများ နေထိုင်သည့် ၅ ထပ်တိုက် အဆောက်အအုံမှာ တနင်္ဂနွေနေ့ ညပိုင်းက ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး လူနှစ်ဦး ဆေးရုံတင်ထားရပြီး အခြေအနေမှာ စိုးရိမ်ရကာ အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို ချက်ချင်း မသိရသေးပေ။ ပိတ်မိနေသူ မည်မျှရှိသည်ကို တာဝန်ရှိသူများက တိတိကျကျ မထုတ်ပြန်ရသေးသော်လည်း အဆိုပါ အဆောက်အအုံအတွင်း လူဒါဇင်နှင့်ချီ နေထိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံ၏ သဘာဝဘေး အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးသမားများ ပူးပေါင်းကာ အပျက်အစီးများကို ဖယ်ရှားလျက်ရှိပြီး ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန် ရှာဖွေရေးလုပ်ငန်းများ အပြင်းအထန် ဆက်လက် လုပ်ဆောင်နေကြသည်။ ကိုးကား-SCMP Post navigation အမေရိကန်ရေတပ်သင်္ဘောနှစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အီရန်ရေနံတင်သင်္ဘော သုံးစင်းကို အမေရိကန် တိုက်ခိုက်ဖျက်ဆီး မီးတောင် မီးခိုးပြာများကြောင့် ချန်ဂီနှင့် ဂျာကာတာလေဆိပ်များတွင် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ခရီးသွားလာမှုများ ပြတ်တောက်လျက်ရှိ