PSM (NEWS)

ဇွန် ၁၁၊ ၂၀၂၆

တရုတ်နိုင်ငံ၏ Qianfan ဂြိုဟ်တုကွန်ရက်သည် ဂြိုဟ်တုပေါင်း ၂၀၀ ကျော်ကို ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ခြင်းဖြင့် နိုင်ငံအဆင့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။

သို့သော်လည်း အဆိုပါ ဂြိုဟ်တုကွန်ရက် တည်ဆောက်မှု အရှိန်အဟုန်မှာ နှေးကွေးနေပြီး ကုန်ကျစရိတ် မြင့်မားနေမှုအပေါ် စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

အင်္ဂါနေ့၊ ပေကျင်းစံတော်ချိန် ညနေ ၄ နာရီ ၂၃ မိနစ်တွင် ဂိုဘီသဲကန္တာရမှ Zhuque-2E ဒုံးပျံဖြင့် ဂြိုဟ်တုများ ထပ်မံလွှတ်တင်ခဲ့ပြီးနောက် Qianfan ဂြိုဟ်တုအရေအတွက်မှာ ၂၀၁ လုံးအထိ ရှိလာခဲ့သည်။ ယခုမစ်ရှင်တွင် တိုက်ရိုက်ဖုန်းဆက်သွယ်မှုစမ်းသပ်သည့် (Direct-to-cell) Qianfan DTC-01 ဂြိုဟ်တုနှင့်အတူ China Mobile ၏ ဂြိုဟ်တုတစ်ခုပါဝင်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

ယခုလွှတ်တင်မှုမတိုင်မီ ကြာသပတေးနှင့် သောကြာနေ့တို့တွင် တရုတ်နိုင်ငံအလယ်ပိုင်း တိုင်ယွမ်နှင့် ဟိုင်နန်ပြည်နယ်ရှိ အာကာသစခန်းတို့မှ Qianfan ဂြိုဟ်တု ၁၈ လုံးစီကို ဆက်တိုက်လွှတ်တင်ခဲ့သည်။ လွှတ်တင်မှုနှုန်း မြန်ဆန်လာသော်လည်း၊ SpaceX ၏ Starlink ကို ယှဉ်ပြိုင်မည့် အဆိုပါစီမံကိန်းသည် တရားဝင်သတ်မှတ်ထားသော ပစ်မှတ်များထက် နောက်ကျကျန်နေဆဲဖြစ်သည်။

Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာရှိ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ Qianfan ကို တည်ထောင်သူ Shanghai Spacecom Satellite Technology (SSST) ကုမ္ပဏီသည် အင်္ဂါနေ့က လွှတ်တင်မှုကို ကြည့်ရှုရန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

ကိုးကား-SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *