PSM (NEWS) ဇွန် ၁၁၊ ၂၀၂၆ Google၏ YouTube နှင့် Meta Platforms တို့၏ လူမှုကွန်ရက်များသည် လူငယ်လူရွယ်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိ ပုံစံထုတ်ထားကြောင်း ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့ပြီးနောက်၊ ကုမ္ပဏီများဘက်မှ တရားခွင်အသစ်ဖြင့် ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားမှုကို ကာလီဖိုးနီးယားပြည်နယ် တရားသူကြီးတစ်ဦးက ပယ်ချလိုက်ကြောင်း အမှုနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားသည်။ လော့စ်အိန်ဂျလိစ် အထက်တရားရုံး တရားသူကြီး ကာရိုလင် ကူးလ်သည် အဆိုပါလျှောက်လဲချက်များကို အင်္ဂါနေ့တွင် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။ သို့သော်လည်း ၎င်း၏အမိန့်စာနှင့် အသေးစိတ်အကြောင်းပြချက်များကိုမူ ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေ။ အဆိုပါနည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့တွင် တာဝန်ပျက်ကွက်မှုရှိကြောင်း ဂျူရီလူကြီးများက ဆုံးဖြတ်ပြီး အမေရိကန်ဒေါ်လာ ၆ သန်း ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ပြီးနောက် တရားခွင်အသစ်ဖြင့် ထပ်မံစစ်ဆေးပေးရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ ကိုးကား-Reuters Post navigation Qianfan ဂြိုဟ်တုကွန်ရက် မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိသော်လည်း အရှိန်အဟုန်နှင့် ကုန်ကျစရိတ်အတွက် စိန်ခေါ်မှုများရှိနေ လုပ်ခလစာနှင့် အလုပ်အကိုင်လုံခြုံရေးအတွက် တောင်ကိုရီးယား ကာခါအို ကုမ္ပဏီ အလုပ်သမားသမဂ္ဂ ၄ နာရီကြာ သပိတ်မှောက် ဆန္ဒပြ