PSM (News)

စက်တင်ဘာ ၁၄၊၂၀၂၆

ဂျဗားပင်လယ်ပြင်တွင် ခရီးသည်တင်သင်္ဘောတစ်စင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် လူ ၁၄၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

Virgo Transport 8 သင်္ဘောသည် ဆိုးရွားသည့် မိုးလေဝသအခြေအနေများကြား တနင်္ဂနွေနေ့ညပိုင်းက အဆက်အသွယ်ပြတ်တောက်သွားခဲ့ချိန်တွင် ခရီးသည်များနှင့် သင်္ဘောသား စုစုပေါင်း ၂၄၃ ဦးကို တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အနီးရှိ အခြားသင်္ဘောများက လူ ၁၀၃ ဦးထက်မနည်းကို ကယ်ထုတ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ကျန်ရှိနေသေးသော ခရီးသည်များကို ရှာဖွေရန် ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်နေကြသည်။

အဆိုပါသင်္ဘောသည် ဆူရာဗာယာမြို့မှ ဘန်ဂျာမာစင်မြို့သို့ ထွက်ခွာလာစဉ် ယခုကဲ့သို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကိုးကား Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed