PSM (News)

စက်တင်ဘာ ၁၄၊ ၂၀၂၆

တရုတ်နိုင်ငံ၏ FAST ရေဒီယို တယ်လီစကုပ်သည် နဂါးငွေ့တန်းပြင်ပရှိ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ကမ္ဘာပေါ်တွင် စံချိန်တင် စာရင်းပြုစုနိုင်ခဲ့ပြီး အမေရိကန်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဂွိကျိုးပြည်နယ်ရှိ အချင်း မီတာ ၅၀၀ ရှိသော ရေဒီယိုပန်းကန်ပြားဖြင့် ဆောင်ရွက်သည့် FASHI စီမံကိန်း၏ ဒုတိယအသုတ် အချက်အလက်များအရ ဂလက်ဆီပေါင်း ၁၅၆,၄၁၁ ခု ပါဝင်ကာ ယခင် Arecibo တယ်လီစကုပ် တွေ့ရှိခဲ့မှုထက် ငါးဆနီးပါး ပိုမိုများပြားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်သည် စကြဝဠာ၏ အကြီးမားဆုံး ဆန်းကြယ်မှုများကို လေ့လာနေသည့် နက္ခတ္တဗေဒပညာရှင်များအတွက် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကိုးကား-SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed