PSM (News) မတ် ၁၇၊ ၂၀၂၆ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ သရက်နှစ်ခွစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးအလုံးရေ ၁၀၀ ကျော်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုကို မတ်လ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဝင်းဝစခန်းသိမ်းတိုက်ပွဲ နှင့် တစ်ဆက်တည်း စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဝင်းဝစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျန်ရှိနေသည့် စစ်ကော်မ ရှင်၏ လက်ကျန်စခန်းများကို ဖိအားပေးသည့်အနေဖြင့် သရက်နှစ်ခွဂိတ်ကို နေ့ရောညပါ ဒရုန်းများဖြင့် Drop ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သရက်နှစ်ခွဂိတ်စခန်း တိုက်ခိုက်မှု စစ်ဆင်ရေးကို ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း – T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း (PBDF) ဒရုန်းတပ်ဖွဲ့နှင့် Dragon Squad 2 (TNI) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်မှ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဓာတ်ပုံ- T5 Wings ဒရုန်းတပ်ဖွဲ့ #ဝင်းဝ #သရက်နှစ်ခွ #သရက်ချောင်း #ဒရုန်းတိုက်ခိုက်မှု #T5Wings #PSM_News Post navigation စစ်အုပ်စု၏ လွှတ်တော်အတု စတင်၊ လူသတ်ဝါဒဖြန့်ချိရေးသမားများဖြင့် အာဏာကို အသက်သွင်းရန် ကြိုးပမ်း ပခုက္ကူအနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ